Ubuntu OS သုံးစွဲသူတွေ အနေနဲ့ Android Emulator ကို Ubuntu OS ပေါ်ကနေ ထည့်သွင်းအသုံးပြု ချင်တယ်ဆိုရင် Geny-motion ဆိုတဲ့ Android Emulator software ကို ထည့်သွင်း အသုံးပြု နိုင်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ Ubuntu အတွက် သာမက Windows နဲ့ Mac အတွက်ပါ အထောက်အပံ့ ပေးနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး လုပ်ငန်းသုံးများအတွက် အသုံးပြုမယ်ဆိုရင်တော့ အခကြေးငွေ ပေးဆောင်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ Genymotion  ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့  Package တွေကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Genymotion ကို Install ပြုလုပ်ဖို့အတွက် Terminal ကနေ အရင်ဆုံးထည့်သွင်း ပေးရမှာကတော့ Virtualbox ပဲ ဖြစ်ပါတယ်။ sudo apt-get install virtualbox ဆိုတဲ့ command နဲ့ Virtualbox ကို ထည့်သွင်းပေးလိုက်ပါ။ https://www.genymotion.com ဆိုတဲ့ ဝက်ဘ်ဆိုက် စာမျက်နှာကနေ Genymotion account ပြုလုပ်ပြီး installer file ကို download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Download ပြုလုပ်ပြီးပြီ ဆိုရင် Download ပြုလုပ်ထားတဲ့ Bin file ကို Download ဆိုတဲ့ Folder ထဲမှာ ထည့်ထားလိုက်ပြီး Terminal ကို ဖွင့်ရမှာ ဖြစ်ပါတယ်။ Terminal ထဲကို ရောက်ပြီဆိုရင် cd ~/Download ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။ download ဆိုတဲ့ လမ်းကြောင်းအောက်ကို ရောက်သွားရင် chmod+x genymotion 2.2.2_x64.bin ဆိုတာကို ရိုက်ထည့်ရပါမယ်။ ဒီနေရာမှာ chmod ရဲ့နောက်မှာ ထည့်သွင်းထားတဲ့ genymotion version နံပါတ်ဟာ ကိုယ် download ပြုလုပ်ထားတဲ့ ဖိုင်ဗားရှင်းသာ ဖြစ်ရပါမယ်။

နောက်ထပ်ထည့်သွင်းရမယ့် command ကတော့ ./genymotion-2.2.2_x64.bin ဆိုတဲ့ Command ဖြစ်ပြီး အဆိုပါ command ကို အသုံးပြုကာ Genymotion ကို ထည့်သွင်းရပါမယ်။ အဆိုပါ ဖိုင်ကို Install ပြုလုပ်မှာဖြစ်တဲ့အတွက် Terminal မှာ Are you sure/ [y/n] ဆိုတာပြရင် y ကို နှိပ်ပြီး Install ပြုလုပ်တာကို စတင်လုပ်ဆောင် နိုင်ပါတယ်။ အဆိုပါ အဆင့်တွေ ပြီးသွားရင် Genymotion Account ကို အသုံးပြုပြီး Virtualbox ထဲမှာ ကိုယ်အသုံးပြုချင်တဲ့ Android OS အသုံးပြုထားတဲ့ Device တွေကို ရွေးချယ် download ပြုလုပ်ကာ စတင်အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။


Credit - Internet Journal

Share To:
Magpress

NamDoan

Vestibulum bibendum felis sit amet dolor auctor molestie. In dignissim eget nibh id dapibus. Fusce et suscipit orci. Aliquam sit amet urna lorem. Duis eu imperdiet nunc, non imperdiet libero.

0 comments so far,add yours