Windows 10 Operating System မှာ ကိုယ့်ရဲ့ User Name နဲ့ Microsoft email ကို ထည့်သွင်းသုံးစွဲ ရတဲ့အတွက် လူအများ အပြားရှိတဲ့ Public area လို နေရာမျိုးမှာ ကိုယ့်ရဲ့ email account ကို အခြားသူတွေ မသိစေချင်ဘူးဆိုရင် Personal Information တွေကို Lock Screen မှာမမြင်နိုင်အောင် သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Windows 10 ရဲ့ Lock Screen မှာ Microsoft email နဲ့ Login ပြုလုပ်တာမဟုတ်ဘဲ Local account နဲ့ Login ပြုလုပ်ထားမိတယ် ဆိုရင်လည်း ကိုယ်ဝင်ခဲ့တဲ့ Login name ကို Lock Screen မှာ ဖော်ပြပေးထား တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အချက်အလက်တွေကို အခြားသူတွေ အလွယ်တကူ မသိရှိနိုင် စေရန်အတွက် ဝှက်ထားနိုင်ပါတယ်။

Personal Information တွေ Windows 10 Lock screen မှာ မပေါ်စေရန်အတွက် Registry ကို အသုံးပြုရပါမယ်။ Win + R key ကိုနှိပ်ပြီး Run box ကို နှိပ်ပါ။ ပြီးသွားရင် regedit ဆိုတဲ့ command ကို Run box မှာ ရိုက်ထည့်ရပါမယ်။ Registry Editor ထဲကို ရောက်သွားပြီဆိုရင် အောက်ဖော်ပြပါ လမ်းကြောင်းအတိုင်း တစ်ဆင့်ချင်း သွားရပါမယ်။

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Policies\System  ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားပြီးရင် System ရဲ့ ညာဘက်အခြမ်းမှာရှိတဲ့ Panel ထဲမှာ dontdisplaylastuser name ဆိုတာကို ရှာကြည့်ပါ။

အကယ်၍ မတွေ့ရင် အဆိုပါ ညာဘက် Panel မှာ Right click နှိပ်ပြီး New မှတစ်ဆင့် DWORD(32bit) ဆိုတာကို  ရွေးပြီး အဆိုပါ နာမည်ကို ထည့်လိုက်ပါ။ နောက်တစ်ဆင့်ကတော့ dontdisplaylastusername ဆိုတဲ့ဖိုင်ကို Double click ပြုလုပ်ပြီး Value မှာ 1 ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။

အဆိုပါ အဆင့်ပြီးဆုံးသွားပြီ ဆိုရင် system ရဲ့ညာဘက် panel ထဲမှာ DontDisplayLockedUser ID ဆိုတဲ့ နာမည်နဲ့ DWORD (32bit) key တစ်ခုတည်ဆောက် ပေးရပါမယ်။ Value ကို 3 သတ် မှတ်ပေးလိုက်ပါ။ Value ကို သတ်မှတ်ပြီးပြီဆိုရင် Registry ကနေထွက်လိုက်လို့ ရပါပြီ။

အထက်ပါ အဆင့်တွေအား လုံးပြီးသွားပြီဆိုရင် Windows ကို Win + L key ဖြင့် Lock ပြုလုပ်ကြည့်ပါ။ ကိုယ့်ရဲ့ အချက်အလက်တွေကို Windows 10 ရဲ့ Lockscreen မှာ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ User Name ကို ကိုယ်တိုင်ပြန်လည် ရိုက်ထည့်ပြီးမှသာ ဝင်ရောက်အသုံးပြု နိုင်မှာဖြစ်ပါတယ်။


Credit - Internet Journal


Share To:
Magpress

NamDoan

Vestibulum bibendum felis sit amet dolor auctor molestie. In dignissim eget nibh id dapibus. Fusce et suscipit orci. Aliquam sit amet urna lorem. Duis eu imperdiet nunc, non imperdiet libero.

0 comments so far,add yours